Temper Glass ဖြစ်ဖို့ဆိုတာ

“မှန်” တစ်ချပ်ရဲ့ Quality ကို ဘယ်အချက်တွေနဲ့တိုင်းတာနိုင်မလဲ?
October 13, 2018
မှန်မှာဆို YGT
October 13, 2018
Show all

Temper Glass ဖြစ်ဖို့ဆိုတာ

Tempered Glass ကို ယနေ့ခေတ် ခေတ်မှီအဆောက်အဦးတွေမှာ အသုံးများလာကြပါတယ်၊ Tempered Glass တွေဟာ သာမန် မှန်တွေထက် လေးဆ ပိုမိုမာကျောပြီး ကွဲကြေသွားရင်တောင်
Crystal အစိတ်အပိုင်းများအဖြစ် ကွဲသွားတာကြောင့် safety ဖြစ်စေပါတယ်၊ အဲ့လို Safety ဖြစ်စေဖို့အတွက်လည်း Processing လုပ်တဲ့အခါမှာ အောက်ပါတို့ကို ပြုလုပ်ရပါတယ်….

ပထမဆုံးအနေနဲ့ Tempered Glass မပြုလုပ်မှီမှာ မှန်စိမ်းကိုအရင်ဆုံး လိုအပ်သလိုဖြတ်တောက်ပေးရပါတယ်၊ Tempered Glass ပြုလုပ်ပြီးမှ ဖြတ်တောက်မယ်ဆို Crystal စတွေအဖြစ် ကွဲကြေသွားမှာ
ဖြစ်လို့ပါ၊ ဖြတ်တောက်ပြီးသား မှန်စိမ်းတွေကိုတော့ လေခိုနေတာတွေ၊ အစင်းကြောင်းတွေ ရှိမရှိ စစ်ဆေးရပါတယ်၊ ဒါမှသာ ပိုမို Safety ဖြစ်စေမှာ ဖြစ်ပါတယ်၊ နောက်တစ်ဆင့်အနေနဲ့ အနားဘောင်တွေကို လိုက်ညှိပေးရပါတယ်၊
ပြီးရင်တော့ မှန်တစ်ခုလုံးကို ဆေးကြောရပါတယ်၊ ဆေးကြောရတဲ့ရည်ရွယ်ချက်ကတော့ ဖြတ်တောက်ထားတဲ့မှန်ဖြစ်လို့ မှန်အပိုင်းအစတွေ ကပ်နေတတ်လို့ပါ၊
ဒါတွေအားလုံးပြီးရင်တော့ မှန်စိမ်းကို Tempering Oven ထဲမှာ အပူပေးရပါတယ်၊ အပူပေးရာမှာ 600 Degrees Celsius အထိ အပူပေးရပြီး Industry Standard ကတော့ 620 Degrees Celsius ဖြစ်ပါတယ်၊
အပူပေးပြီးတဲ့ မှန်ချပ်တွေကို တစ်ချပ်ချင်းဖြစ်စေ၊ အတွဲလိုက်ဖြစ်စေ High Pressure အောက်မှာ အအေးခံရပြီးရင်တော့ Safety ဖြစ်တဲ့ Tempered Glass တစ်ခုရရှိပြီဖြစ်ပါတယ်….

ကျွန်တော်တို့ Yangon Glass Tech မှာ အရည်အသွေးပြည့်မှီသော Tempered Glass များကို လူကြီးမင်းတို့၏လိုအပ်ချက်အပေါ်မူတည်၍ Bent လုပ်ခြင်း၊ Paint လုပ်ခြင်း နှင့် Sand Plast လုပ်ခြင်းတို့အပြင်
အခြားဝန်ဆောင်မှုတွေကို ပြုလုပ်ပေးနေပါပြီဖြစ်ပါတယ်၊ အသေးစိတ်သိရှိလိုပါက Ph: 0973367777 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Comments are closed.